Application ကိုအောက်ကလင့်ခ်မှာအရင်ဒေါင်းလိုက်ပါ။
MP3+ Download Here
ဒေါင်းလို့ရလာတဲ့ MP3+ apk ကိုဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ဒေါင်းချင်တဲ့ သီချင်းပေါ်မူတည်ပြီး search engine ကိုရွေးရပါမယ်။ မြန်မာသီချင်းလား၊ အင်္ဂလိပ်သီချင်းလားဆိုတာပေါ်မူတည်ပြီး ဘေးနားက Engine ဆိုတဲ့ Box ထဲကနေရွေးပေးပါ။ မြန်မာသီချင်းတွေဒေါင်းမယ်ဆိုရင် ကျွန်တော်စမ်းကြည့်သလောက် Engine 2 ကအဆင်ပြေပါတယ်။ အင်္ဂလိပ်သီချင်းတွေကတော့ ကျန်တဲ့ Engine တွေနဲ့ရှာလို့ရပါတယ်။ အောက်မှာလည်းပုံတွေနဲ့ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။
ရှာလို့တွေ့ပြီဆိုရင်တော့ ကိုယ်ဒေါင်းချင်တဲ့ သီချင်းတစ်ပုဒ်ပေါ်ကိုနှိပ်လိုက်ပါ။ အပေါ်ကပုံအတိုင်းမြင်ရပါမယ်။ အစမ်းနားထောင်ကြည့်ချင်ရင် Play ကိုနှိပ်၊ ဒေါင်းလော့လုပ်ချင်ရင် Download ကိုနှိပ်လိုက်ရင်ရပါပြီ။ Play လုပ်ပြီး အစမ်းနားထောင်ရင်းနဲ့လည်း Lyric တွေကို Download လုပ်လို့ရပါသေးတယ်။
ကိုယ်ကြိုက်တဲ့သီချင်းတွေ Download လုပ်နားထောင်ရင်းနဲ့ စိတ်အပန်းပြေနိုင်ကြပါစေ။
No comments:
Post a Comment