Tuesday, March 1, 2016

Timing နဲ့ Beat တွေကို ဖန်တီးပေးမယ့် Metro Drum Apk

ဒီ Apk လေးကတော့ Timing တွေကို ပုံမှန် Beat တွေအတိုင်းမဟုတ်ပဲ Drum Beat တွေအနေနဲ့ ဖန်တီးပေးပါလိမ့်မယ်။
တူရိယာတွေ ကို မိမိတစ်ယောက်တည်း တီးခတ်လေ့ကျင့်ရတဲ့ သူတွေမှာ(အခြေခံမရှိသေးသောသူများ) ရိုးရိုးအတိုင်းအလွတ်လေ့ကျင့်မယ်ဆိုရင် Timing တွေ နှေးသွားလိုက်၊ မြန်သွားလိုက်နဲ့ မှန်မှန်ကန်ကန် လေ့ကျင့်နိုင်ဖို့ ခတ်ပါလိမ့်မယ်။  အဲ့ဒါကြောင့် တချို့တက်နိုင်သူများကတော့  Beat တွေကို နောက်ကနေအသံထွက်ပြီးမှတ်ပေးနေတဲ့ Doctor Beat လိုမျိုး စက်တွေဝယ်သုံးကြပါတယ်။ Keyboard တို့၊ Effect Processer တို့လို တူရိယာတွေမှာလည်း Build-in ပါဝင်ပေမယ့် အဲ့ဒီဟာတွေမရှိတဲ့သူတွေမှာ ဒီလို Apk မျိုးတွေက များစွာ အထောက်အကူဖြစ်စေမှာပါ။ ခုနောက်ပိုင်းမှာ Android ဖုန်းတွေ ကိုလူတိုင်းကိုင်တွယ်လာတဲ့အတွက် ဒီလို Apk တွေကို ဖုန်းထဲမှာ install လုပ်ထားပြီး သုံးမယ်ဆိုရင် ဂီတသင်ခန်းစာတွေ လေ့ကျင့်တဲ့အခါမှာ များစွာအကျိုးရှိစေမှာဖြစ်တဲ့အတွက် ဂီတချစ်သူများ ဆောင်ထားသင့်ပါတယ်။
သုံးနိုင်တဲ့ Function တွေကတော့
- အဖွင့်၊ အပိတ် (Play / Stop )
- Timing အနှေးအမြန်တွေကို လိုသလိုချိန်လို့ရပါတယ်။ ( အပေါ်၊ အောက်ပြထားတဲ့ မြှားလေးနဲ့ချိန်ရတာပါ။)
- Drum Beat တွေစမ၀င်ခင်မှာ Timing ခေါ်ပေးတဲ့ Function ပါပါတယ်။ (Pre Count ဆိုတာလေး On ထားပေးရပါတယ်။)
- Timing အဆုံးသက်တွေမှာ Drum Roll နဲ့ အဆုံးသက် (Fine) လုပ်ပေးပါတယ်။ (Stop Fill In ကို On ပေးထားပါ။)
- Beat မျိုးစုံကိုစိတ်ကြိုက်လေ့ကျင့်လို့ရပါတယ်။ ( Pattern 1-2-3- .... ဆိုပြီးတော့ ပါပါတယ်။ ပြောင်းလဲအသုံးပြုကြည့်ပါ။)

ဒီလိုမျိုး Application တွေများစွာရှိပါတယ်။
ဒီတစ်ခုကတော့ ကျွန်တော်အကြိုက်တွေ့လို့ အရင်ကတည်းကနေ ခုထိသုံးနေတဲ့ Apk ပါ။ ကျွန်တော့်လို လိုအပ်တဲ့သူများလည်း သုံးနိုင်အောင် တင်ပေးလိုက်တာပါ။










No comments: