Monday, March 28, 2016

Application တစ်မျိုးတည်းဖြင့် Guitar Fret ပေါ်ရှိ Scales Position တွေနဲ့ Chord တွေကို လေ့လာနိုင်မယ့် Apk ပါ။ Tuner အနေနဲ့သုံးမယ်ဆိုရင်လည်း တစ်ကြိုးချင်းစီရဲ့အသံတွေကို နားထောင်ပြီး Guitar ကြိုးညှိလို့ရမှာဖြစ်ပါတယ်။ အသုံးလိုသူများဒေါင်းထားနိုင်ပါတယ်။









အသုံးပြုလိုပါက ဒီကနေဒေါင်းပါ။

Guitar scale exercises


Scales နဲ့ ပတ်သက်ပြီး Exercise တွေလေ့ကျင့်လို့ရမယ့် Apk ပါ။







MediaFire Download

Sunday, March 27, 2016

Acordes Guitarra Apk

ဒီ Application ကတော့ Guitar Strumming Pattern တွေကို သီချင်း(Videos) ဖိုင်တွေနဲ့တွဲပြီး ကြည့်ရှုလေ့လာလို့ရမယ့် Apk တစ်ခုပါ။ အခြေခံ Rhythm တွေကိုလေ့လာနေတဲ့သူများအတွက် အသုံးဝင်စေမယ့် Applicattion ထဲကတစ်ခုပါ။


Dropbox    Or     MediaFire


Simple Guitar Scale Apk


တနေ့က ညီလေးတစ်ယောက်က Guitar Scales တွေနဲ့ပတ်သက်ပြီး မေးထားလို့ ရှာရင်းတွေ့လို့ တင်ပေးလိုက်တာပါ။ Guitar Scales တွေလေ့လာချင်ရင် ဒီ Application ကို Dwonload လုပ်ပြီးလေ့လာကြည့်ပါ။






Dropbox     Or     MediaFire

Guitar Chords apk


ဒီ Apk လေးကို အရမ်းသဘောကျပါတယ်။
- ပုံစံရိုးရှင်းပြီး ကြည့်ရလွယ်ကူပါတယ်။
- အခြေခံ Chord အပါအ၀င် Chord Position မျိုးစုံကို ပြပေးနိုင်ပါတယ်။
- Chord Diagram ရဲ့အပေါ်မှာပါတဲ့ Speaker ပုံလေးကိုနှိပ်ပြီးတော့ မိမိတို့ရှာဖွေတဲ့ Chord များရဲ့အသံထွက်ကို Natural Guitar အသံအနေနဲ့လည်း နားထောင်နိုင်ပါတယ်။
- စာလုံးအကြီးအသေးကအစ၊ Chord Diagram အကြီးအသေးတွေကိုလည်း မိမိလိုချင်သလိုပြောင်းလဲအသုံးပြုလို့ရပါတယ်။
- Background ကိုလည်း အလင်း၊ အမှောင်၊ စာရွက်ပုံစံတွေ ပြောင်းလဲအသုံးပြုလို့ရတဲ့အတွက် Chord တွေကိုကြည့်ရှုမှတ်သားရာမှာ ရှင်းလင်းမြင်သာပါတယ်။
- Tuner အနေနဲ့လည်း တစ်ကြိုးချင်းစီရဲ့အသံကို အသံထွက်ပေးတဲ့အတွက် ကြိုးမငြှိတက်သေးတဲ့သူများ တစ်သံချင်းစီနားထောင်ပြီး ငြှိလို့ရပါတယ်။
Chord အခြေခံတွေ စတင်လေ့လာနေတဲ့သူများအတွက် တော်တော်လေးအသုံးတည့်စေမယ့်
ဆော့ဝဲလ်တစ်ခုဖြစ်တဲ့အတွက် ဆောင်ထားသင့်ပါတယ်။
ကျွန်တော်ပုံလေးတွေနဲ့လည်းပြပေးထားပါတယ်။








MediaFire Download

Or

Dropbox Download

Tuesday, March 1, 2016

Timing နဲ့ Beat တွေကို ဖန်တီးပေးမယ့် Metro Drum Apk

ဒီ Apk လေးကတော့ Timing တွေကို ပုံမှန် Beat တွေအတိုင်းမဟုတ်ပဲ Drum Beat တွေအနေနဲ့ ဖန်တီးပေးပါလိမ့်မယ်။
တူရိယာတွေ ကို မိမိတစ်ယောက်တည်း တီးခတ်လေ့ကျင့်ရတဲ့ သူတွေမှာ(အခြေခံမရှိသေးသောသူများ) ရိုးရိုးအတိုင်းအလွတ်လေ့ကျင့်မယ်ဆိုရင် Timing တွေ နှေးသွားလိုက်၊ မြန်သွားလိုက်နဲ့ မှန်မှန်ကန်ကန် လေ့ကျင့်နိုင်ဖို့ ခတ်ပါလိမ့်မယ်။  အဲ့ဒါကြောင့် တချို့တက်နိုင်သူများကတော့  Beat တွေကို နောက်ကနေအသံထွက်ပြီးမှတ်ပေးနေတဲ့ Doctor Beat လိုမျိုး စက်တွေဝယ်သုံးကြပါတယ်။ Keyboard တို့၊ Effect Processer တို့လို တူရိယာတွေမှာလည်း Build-in ပါဝင်ပေမယ့် အဲ့ဒီဟာတွေမရှိတဲ့သူတွေမှာ ဒီလို Apk မျိုးတွေက များစွာ အထောက်အကူဖြစ်စေမှာပါ။ ခုနောက်ပိုင်းမှာ Android ဖုန်းတွေ ကိုလူတိုင်းကိုင်တွယ်လာတဲ့အတွက် ဒီလို Apk တွေကို ဖုန်းထဲမှာ install လုပ်ထားပြီး သုံးမယ်ဆိုရင် ဂီတသင်ခန်းစာတွေ လေ့ကျင့်တဲ့အခါမှာ များစွာအကျိုးရှိစေမှာဖြစ်တဲ့အတွက် ဂီတချစ်သူများ ဆောင်ထားသင့်ပါတယ်။

Po Po Lyrics Apk

 ဒီ Apk လေးကတော့ ပိုပို ရဲ့ သီချင်းစာသားများကို တနေရာတည်းမှာ စုစည်းပေးထားတဲ့ Apk ပါ။
ဒီ Apk ရဲ့ထူးခြားချက်ကတော့ သီချင်းစာသားတွေကိုကြည့်တဲ့အခါ သီချင်း(Audio File) ကိုပါ တခါတည်းဖွင့်ပြီး နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ သီချင်းနားထောင်ရင်း စာသားလေးတွေပါကြည့်လို့ရတာပေါ့။

လေးဖြူ Lyric Apk

ကိုလေးဖြူရဲ့ နာမည်ကြီး သီချင်းစာသားများကို တနေရာစီကနေ စုဆောင်းစရာမလိုအောင် ဒီ Apk လေးကကူညီပါလိမ့်မယ်။ Apk ကို Phone ထဲမှာ install လုပ်ပြီး လွယ်ကူစွာ အသုံးပြုလို့ရပါပြီ။





 Apk ကို ဒေါင်းလော့ရယူလိုပါက အောက်ကလင့်ခ်ကနေ ယူလို့ရပါတယ်။